Tuesday, September 24, 2013



အသေးစားတဲ့လား

အဖွဲ့အစည်းနဲ့လို့ပဲ ပြောပြော
တစ်ဦးတစ်ယောက်က
ဆုံးဖြတ်တာလို့ပဲ ပြောပြော
ချေးခဲ့ကြလိုက်တဲ့ ငွေတွေ
ချေးနေလိုက်ကြတဲ့ ငွေတွေ
ငွေတွေငွေတွေ
ဘဏ္ဍာတော့ မဟုတ်
ကြွေးတွေ ကြွေးတွေ
နည်းနည်းနောနောမှ မဟုတ်တာ။

ဒီလောက်ချေးတာတောင်
ဒီလောက်အောက်တန်းကျနေတုန်းမသေး
နောက်ထပ်လည်း
ချေးဖို့ တပြင်ပြင်နဲ့။

ကိုယ့်ပြည်သူတွေကျတော့
အသေးစား အလတ်စား
စက်မှုလက်မှုလုပ်ငန်းတွေ ထူထောင်ဖို့တဲ့
ဆင်းရဲမှုတိုက်ဖျက်ဖို့တဲ့
ငွေကလေး
တစ်သိန်း
ကိုးသောင်း
တချို့ သူရို့ ကာရာအိုကေ
ဆိုရုံလောက်ကလေးနဲ့။

ငွေတော့ ငွေပဲ
ဘဏ္ဍာလည်း မမည်
ကြံစည်ရာ ပါတာလည်း မဟုတ်
လက်ငုတ်လက်ရင်းလို့လည်း မဆိုနိုင်
ဗျောက်ကိုင်ပြီး ရခဲ့မှန်းလည်း မသိရ
အာဂငွေတွေ
ယာဂုထမင်းနှဲ
အိုးကြီးကလည်း မကွဲလေသေးသမို့
ငရို့ဖို့ကော ကျန်ပါဦးမလားဝေ။


ဇော်မော်ကို
23.09.2013